ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နောင်ချိုမြို့၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက် များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC) တိုးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေး ရေးဂိတ်အား ယမန်နေ့ နံနက်ပိုင်းက စတင်၍ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရန် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွား စေရန် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၇ နာရီ က အဆိုပါဈေး၌ ပြုလုပ်ခဲ့သည်။

ပခုက္ကူတွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ရောက်ရှိ

ပခုက္ကူမြို့တွင် ဧရာဝတီမြစ်ရေသည် ယမန်နေ့ နေ့လယ် (၁) နာရီခွဲတွင် စိုးရိမ်‌ရေအမှတ်‌ ရောက်ရှိခဲ့ပြီး ယနေ့တွင် စိုးရိမ်ရေအမှတ်သို့ ကျော်လွန်ရောက်ရှိလျက်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား (Mask) တစ်ခုလျှင် ငွေကျပ်တစ်ထောင်ဖြင့် ဝယ်ယူစေ၍ ချက်ချင်းတပ်ဆင်စေခြင်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပါ်စေရေး ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မ ဈေးထိပ်၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ကာ (Mask) တစ်ခုလျှင် ငွေကျပ်တစ်ထောင်ဖြင့် ဝယ်ယူစေ၍ ချက်ခြင်း တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။

တန့်ယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် Mask နှင့် အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ စေတနာရှင်များ၊ ပြည်သူများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကြိုတင်ကာကွယ် တားဆီးရေးအတွက် Mask နှင့် အသိပညာပေး လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေပေးခြင်း Mask Campaign ကို ယမန်နေ့နံနက် ၉နာရီ က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျှက်ရှိကြသည်။

လေးမျက်နှာမြို့နယ်၌ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ကုန်လုံခြုံ စိတ်ချနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကညင်တိုင်အုပ်စု၊ တုံးတောကျေးရွာတွင် ကျေးရွာနေ စီးပွားရေး လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းဆိုင်ရာများကို အသိပညာ ပေးဟောပြောခဲ့ကြောင်းသိရသည်။

မိုင်းတုံမြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် MASK များ အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့မဈေး၊ ပန်းခြံလမ်းဆုံနှင့် နောင်ပါရင်ရပ်ကွက် တို့၌ ယနေ့နံနက်(၇) နာရီ က အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့၌ မိုးသည်းထန်ပြီး တောင်ကျချောင်းရေများကြောင့် မြို့မ(အ.လ.က)ကျောင်း ဝင်းအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွား

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ခန့်က မိုးသည်းထန်ပြီး တောင်ကျချောင်းရေများ စီးဝင်လာမှုကြောင့် ပြည်ထောင်စုလမ်း မိုင်တိုင်အမှတ် ၄၈ ကီလိုမီတာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းရှေ့ တွင်လမ်းမ ပေါ်ရေကျော်ခြင်း၊ ကျောင်းဝင်းအတွင်း ရေဝင်ရောက်မှုနှင့်အနောက်ဘက် ကျောင်းဝင်းအုတ်တံတိုင်း ပေ ၁၆၀ ခန့်ပျက်စီးခဲ့ပြီး ပေါ့မိုင်း (အ.မ.က)ကျောင်းစာသင်‌ ဆောင်အတွင်သို့လည်း ရေများ ဝင်ရောက် ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်ဖြင့် ငွေကျပ်သုံးသောင်းနှုန်း ထောက်ပံ့မည်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက်အစီအစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်း ထောက်ပံ့ပေးမည့်စာရင်း ကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာနမှ စံပြရင်သွေးအိမ် ကျောင်းအုပ်ကြီး ဒေါ်ဇီဇဝါနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to