ရေးမြို့နယ်တွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရေး ဩဂုတ် ၂၇

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းရရှိရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ရေးမြို့နယ်၌ ဩဂုတ်လ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

မဲစာရင်းများစစ်ဆေးရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးညီသွေးနှင့်အဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူ များ၏ အိမ်တိုင်ရာရောက်ကွင်းဆင်း၍ မဲစာရင်းများတိုက်ဆိုင် စစ်ဆေးလျက်ရှိသည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများ တင်သွင်းသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ (၄-ဂ) များကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပ‌ဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်း၊ မဲဆန္ဒရှင် စာရင်းများ ထည့်သွင်းခြင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်း ဆောင်ရွက်ပြီးသည့်အခါ  မူလ မဲစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်၍ စာရင်းရေးသွင်းခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌထံသို့ ပြန်လည် အပ်နှံတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

ရေးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၂)သိန်း (၁)သောင်းကျော်ရှိပြီး မဲရုံပေါင်း (၁၂၂) ရုံဖြင့် ဆန္ဒမဲ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)