မိုင်းပန်မြို့၌ Quarantine Centre ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများအတွက် “နမ့်ခုံး” ရှမ်းများ ပရဟိတ အသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းများလှူဒါန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ တောင်ကြီးမြို့ "နမ့်ခုံး" ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က Quarantine Center တွင် ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများနှင့် "နမ့်ခုံး" ရှမ်းများ ပရဟိတ မိုင်းပန်အသင်းခွဲအတွက် COVID-19 ရောဂါစောင့်ရှောက်ကာကွယ်ရေးအတွက် ပစ္စည်း များအား ဩဂုတ်လ(၂၆)ရက်နေ့ ညနေ ၄ နာရီအချိန်က မွေတော်စာသင်တိုက်၌ လာရောက် ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။