ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ နေအိမ်ပြင်ပ သွားလာပါက Mask တပ်ဆင် ရေးအသိပညာပေး လှုပ်ရှားမှုများကို ယနေ့ နံနက် ၈ နာရီက စတင်ကာ လူစည်ကားရာ မြို့မဈေးအနီး၊ ကျောက်တံတားမော်တော်ဆိပ်နှင့် ယာယီပျံကျဈေးအနီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ အရုဏ်ဆွမ်းလောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၄ နာရီခွဲ အချိန်၌ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော် အရှင်သူမြတ်များအား မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံ၌ အရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပသည်။

ကျောက်တန်းမြို့နယ်တွင် ပထမအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ)ဖြင့် လျှောက်ထားလာမှုများ ပြင်ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှ ပေးပို့လာသည့် ပထမအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ (၄)၊ (၄-ဂ) ဖြင့် လျှောက်ထားလာမှုများအား ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဖွင့်လှစ် ရောင်းချရန် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး အသိပညာ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား

ညောင်ဦးမြို့၌ Quarantine ထားရှိသူများမှ စစ်ဆေးရန်ကျန်ရှိသည့် စောင့်ကြည့်လူခြောက်ဦး၏ Swab များအား မန္တလေးမြို့သို့ ပို့ဆောင်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ Quarantine ထားရှိသူများမှ Swab စစ်ဆေးရန် ကျန်ရှိသည့်စောင့်ကြည့်လူ ခြောက်ဦး၏ နှာတို့ဖတ်၊ အာခေါင်တို့ဖက်တို့အား ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မန္တလေးမြို့သို့ စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်း ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ် ပရဟိတအသင်းများထံမှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေး အိမ်တိုင်ရာရောက် စနစ်တကျ လိုက်လံစစ်ဆေးဆောင်ရွက်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပ ပြုလုပ်မည် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ မဲဆန္ဒရှင်များ၏ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်စာရင်းများအား မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်အောင်၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့၌ Quarantine Centre ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများအတွက် “နမ့်ခုံး” ရှမ်းများ ပရဟိတ အသင်းမှ တစ်ကိုယ်ရေသုံးပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ တောင်ကြီးမြို့ "နမ့်ခုံး" ရှမ်းများ ပရဟိတအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က Quarantine Center တွင် ဝင်ရောက်မည့် နေရပ်ပြန်ပြည်သူများနှင့် "နမ့်ခုံး" ရှမ်းများ ပရဟိတ မိုင်းပန်အသင်းခွဲအတွက် COVID-19 ရောဂါစောင့်ရှောက်ကာကွယ်ရေးအတွက် ပစ္စည်း များအား ဩဂုတ်လ(၂၆)ရက်နေ့ ညနေ ၄ နာရီအချိန်က မွေတော်‌စာသင်တိုက်၌ လာ‌ရောက် ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် အပင်ပြုစုခြင်းလုပ်အားခ ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ CERP စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မည့် တစ်မိုက်သာကျေးရွာနှင့် ပုဒါတ်စာကုန်းကျေးရွာမှ (၅၄) ဦး၊ (၇၃ဒသမ၅၀) ဧကတို့အား မျိုးစေ့ဘိုးနှင့် အပင်ပြုစုခြင်း လုပ်အားခ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀) ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အောင်ဟိတ် ငါးလုပ်ငန်း စခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင် အောင်ဟိတ်ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to