ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသောနေရာများသို့ လျှပ်စစ်မီးရရှိရေး ကွင်းဆင်းဆောင်ရွက်
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ရှမ်းတဲကြီး ကျေးရွာ ဆည်မြောင်းအပိုင်ရှိ အိမ်ခြေ ၈၀ ခန့် လျှပ်စစ်မီးရရှိရေးအတွက် အကူအညီတောင်းခံလာမှု အား ယမန်နေ့ ညနေ (၄)နာရီအချိန်က အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်လျှပ်စစ်တာဝန်ခံ၊ စည်ပင် သာယာကော်မတီအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်နှင့်ရပ်ကျေးအဖွဲ့ချုပ် ခေါင်းဆောင်များ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။