လှိုင် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်ကျန်းမာရေးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်မှ စ၍ အမှတ် (၁၂)ရပ်ကွက်အတွင်းရှိ မြို့နယ် စည်ပင်သာယာရေး ကော်မတီရုံး သန့်ရှင်းရေးဝန်ထမ်းအိမ်ရာတွင် နေအိမ်များသို့ တစ်အိမ် တက်ဆင်း သွားရောက်၍ ခြင်ထောင်(၁၅)လုံး ဆေးစိမ်ခြင်း၊ အုတ်ရေကန် (၅ )ကန်၊ ရေတိုင်ကီ(၁၅)လုံး၊ အိမ်ခြေစုစုပေါင်း(၈၀) အိမ်အား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပန်းအိုး များ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုး လောက်လမ်းများ မပေါက်ဖွားစေနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် သွေးလွန် တုတ်ကွေးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး Hand Held Loudspeaker ဖြင့် အသိပညာပေးခြင်း များကို လည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)