ညောင်ရွှေမြို့၌ Communication Awareness Campaign for Environmental Issues အတွက် Campign Planning Workshop ပြုလုပ်
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့သည် ခရီးသွားဧည့်သည်များ စိတ်ဝင်တစားလာရောက်လေ့လာ လည်ပတ်သည့် ခရီးသွားဒေသတစ်ခုဖြစ်သည့်အလျောက် ဒေသတွင်းသဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းသာယာသော အဝန်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန်အတွက် အီတလီနိုင်ငံ အခြေစိုက် ICEI (Istituto Cooperazone Economica Internazionale) နှင့် ညောင်ရွှေမြို့နယ် စည် ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်သော Communication Awereness Campaign for Environmental Issues (Plastic Refuction) အတွက် Campign Planning Workshop ကို ယမန်နေ့နံနက် (၉)နာရီအချိန်က ညောင်ရွှေမြို့ရှိ Inle Apex Hotel ၌ ပြုလုပ်ခဲ့သည်။