ကွန်ဟိန်း စက်တင်ဘာ ၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ကွန်ဟိန်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို သြဂုတ်လ (၃၀) နေ့မှစ၍ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွင် သတ်မှတ်ပုံစံ-၁၀ ဖြင့် ကြေညာထားကြောင်း သိရသည်။
ကွန်ဟိန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းကြေညာရာ၌ ရှမ်းပြည်နယ် (လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၇)ဦး၊ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း(၅) ဦး၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း(၅)ဦး တို့၏ အမည်စာရင်း များကို ဖော်ပြထားရှိပြီး ပါတီ(၅)ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၂)ဦး ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာ ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)