လမ်းမတော် စက်တင်ဘာ ၂
လမ်းမတော်မြို့နယ် UMFCCI တွင် သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာတင်ပြရေး ကော်မတီ အစည်းအဝေးကို တစ်လလျှင် တစ်ကြိမ် ကျင်းပလေ့ရှိရာ ယမန်နေ့ ညနေပိုင်းတွင် တတိယအကြိမ် မြောက် သုတေသနနှင့် စီးပွားရေးမူဝါဒ လေ့လာတင်ပြရေး ကော်မတီအစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေးတွင် သုတေသနဆိုင်ရာ စာတမ်းများ၊ စစ်တမ်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ Myanmar 4.0 တွင် ပါဝင်သော Focus clusters များဖြစ်သော ကဏ္ဍကြီး ခုနှစ်ရပ်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဟိုတယ် ခရီးသွားလာ ရေးနှင့် ဝန်ဆောင်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အ ခြေခံအဆောက်အဦ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် နည်းပညာရပ်များ အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရေး၊ အဆိုပါကဏ္ဍများအတွက် အသင်းချုပ် ညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက် ရေး၊ နည်းပညာရပ်များ အကူအညီဖြင့် ထုတ်ကုန်စွမ်းအားနှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် တိုးတက်အောင် ဆောင်ရွက်ရေး နည်းပညာရပ်များ အသုံးချမှုအသိပညာအား ပြည်သူများသို့ မျှဝေရေး မူဝါဒရေးရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး၊ အနည်းဆုံးအခကြေးငွေနှင့် အစားထိုးရုံးပိတ် ရက်များဆိုင်ရာ ကိစ္စရပ်များ Webinar Series များကို Public Private Dialogue အထိ ရည်ရွယ်၍ စိတ်ဝင်စားဖွယ်ခေါင်းစဉ်များဖြင့် ဆက်လက်စီစဉ်ရိုက်ကူးတင်ဆက်နိုင်ရေးတို့ကို တက်ရောက်လာသူ များမှ အကြံပြု ဆွေးနွေးခဲ့ကြသည်။
သုတေသနနှင့် မူဝါဒရေးရာ ထောက်ခံတင်ပြရေး ကော်မတီကို မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍအတွက် အကျိုးပါဝင် ပတ်သက်သူများ အားလုံးပါဝင်ပြီး ဘက်လိုက်မှုမရှိသော ပကတိအခြေအနေနှင့် လက်ရှိဖြစ် ပေါ်နေသည့် အချက်အလက်များအပေါ် အခြေခံသည့် မူဝါဒများရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးပြောဆို တင်ပြရန်တို့ ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။
အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးဝေဖြိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအေးဝင်းနှင့် ဦးမိုးကျော်၊ အတွင်းရေးမှူး ဒေါက်တာတင်လတ်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ကြည်စိုး၊ ဦးသန့်စိုး၊ ဦးဇော်ထွဋ်၊ ဦးဇော်ဗိုလ်ခန့်၊ ဒေါ်နန်းကလျာဝင်း၊ ဒေါက်တာစိုးထွန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
ကျော်ဆန်းမြင့်