ပန်းဘဲတန်း စက်တင်ဘာ ၂
ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်−၁၉ ရောဂါကင်းဝေးစေရေးအတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီမှ စတင်ပြီး မြို့နယ်အတွင်းရှိလမ်းများတွင် ပရိတ်တရားတော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းဘဲတန်းမြို့နယ်အတွင်းရှိပြည်သူများမှ ကိုဗစ်−၁၉ ရောဂါ အန္တရာယ် အပေါင်းမှ ကင်းဝေးစေရေး အတွက် မြို့နယ်သိမ်တော်ကြီး ပဋိယတ္တိစာသင်တိုက်မှ ဆရာတော်၊ သံဃာတော်များသည် မြို့နယ်အတွင်း ရှိ လမ်းမများ၊ ရပ်ကွက်များအတွင်း လမ်းများတွင် ပရိတ်တရားတော်များကို မော်တော်ယာဉ်ဖြင့် လှည့်လည် ရွတ်ဖတ်ခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်းတပ်ဖွဲ့ ဆိုင်ကယ် လှည့်ကင်းအဖွဲ့မှ ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နေခြည်(ပြန်/ဆက်)