လမ်းမတော် စက်တင်ဘာ ၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ်မှ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ်လ(၃၀)ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ကြေညာရာတွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လမ်းမတော် မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ လမ်းမတော်မြို့ နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ မဲဆန္ဒနယ် အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (ကရင် တိုင်းရင်း သားလူမျိုး) လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင် တိုင်းရင်းသားလူမျိုး) ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အများပြည်သူသိရှိစေရန် ကပ်ထားကြေညာ ပေးလျက် ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်