ရေဦး စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင ်ရေဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲဆန္ဒနယ် (၆) နေရာတွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ဩဂုတ် ၃၀ ရက်နေ့မှစ၍ ကြေညာချက် ပုံစံ (၁၀) ဖြင့် ကပ်ထားကြေညာ ပေးထားကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်၍ အရွေးချယ်ခံမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ချင်း၊ ရှမ်းတိုင်း ရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် စာရင်းများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များ တွင် အများပြည်သူတွေ့မြင်နိုင်သော နေရာများ တွင် ကပ်ထားကြေညာထားသည်။
ရေဦးမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၆၇) အုပ်စု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား၊ မ လူဦးရေ စုစုပေါင်း (၁၀၃၆၁၆) ဦးရှိပြီး မဲရုံပေါင်း (၉၀) သတ်မှတ်ထားကြောင်း သိရသည်။
သန်းထိုက် (ရေဦး)