မင်းကင်း စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး အဆောင်အဦ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ အဆောက်အဦမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ (၅၃) သန်း ဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ (၃) ရက်နေ့မှ စတင်ကာ မြင့်ကမ္ဘာကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်းသိရသည်။
လှငွေ(မင်းကင်း)