ဒဂုံ စက်တင်ဘာ ၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်း ချုပ်နိုင်ရန်နှင့် ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိ ပညာပေး ကြေညာချက်များကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီး ရပ်ကွက်၊ ဦးဝိစာရရပ်ကွက်၊ ပြည်အရှေ့ ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် ယမန်နေ့ည ၉ နာရီက နှိုးဆော်ပေးကြောင်း သိရသည်။
ယင်းသို့ နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေး၊လူမှုရေးနှင့် စီးပွားရေး ထိခိုက်စေနိုင် သည့်အပြင် အသက်ဘေးအန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင် သဖြင့် မလိုလားအပ်သည့်ရောဂါ ဖြစ်ပွားမှု မရှိစေရန် ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လူစုလူဝေး သွားရောက်ခြင်း ရှောင်ကျဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်း စည်း (Mask) မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှပြန် လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြော သန့်စင်ကြရန်စသည့် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ တိတိကျကျလိုက်နာကြရန် ထပ်မံ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)