မန့်ဟီးရိုး စက်တင်ဘာ ၂
မြန်မာနိုင်ငံရှိ အမျိုးသမီးအများစုတွင် ဒုတိယဖြစ်ပွားမှုအများဆုံးရောဂါဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် တစ်နိုင်ငံလုံးစီမံချက်ဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်ခေါ်ကျေးရွာအုပ်စုရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ လိုက်လံနှိုးဆော်ဆောင် ရွက်ထားရှိပြီး စာရင်းများကောက်ယူခြင်းကို ယမန်နေ့ကစတင်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
နောင်ခေါ်ကျေးရွာအုပ်စုမှ ကျေးရွာ(၅)ရွာနှင့် နောင်ဟင်ကျေးရွာအုပ်စုမှ ကျေးရွာ(၂)ရွာ အတွင်းရှိ သတ်မှတ်ချက်များနှင့် အကျုံးဝင်သည့် ၂၀၁၀ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ခုနှစ်၊ ဩဂုတ်လ အတွင်းဖွေးမွားသူ (သို့မဟုတ်) အသက်ကိုးနှစ်ပြည့်မှ အသက်(၁၀)နှစ်အထိ မိန်းကလေးများကို စာရင်းကောက်ယူခဲ့ရာ စုစုပေါင်း(၂၇)ဦး ကောက်ယူနိုင်ခဲ့ပြီး ပထမအကြိမ် အဖြစ် HPV (Human Papilloma Virus) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးဖြစ်ပြီး သတ်မှတ်ချက်အတွင်း ပါရှိသည့် စာရင်းကောက်ယူထားသည့် မိန်းကလေးငယ်များကို စက်တင်ဘာလ အတွင်း အခမဲ့ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျေးရွာများအတွင်း ရှင်းလင်း ဆွေးနွေးခဲ့သည်ဟု နောင်ခေါ်ကျေးရွာ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အိဖြူကျော် ထံမှ သိရသည်။
စန္ဒာ(ပြန်/ဆက်)