ထန်းတပင်၌ သစ်တောပျိုးဥယျာဉ် တည်ထောင်အသုံးပြုရာတွင် ပါဝင်သွားသော လယ်ယာမြေအတွက် လျော်ကြေးငွေပေးအပ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ သစ်တောပျိုးဥယျာဉ် တည်ထောင်အသုံးပြုရာတွင် ပါဝင်သွားသော လယ်ယာမြေအတွက် တောင်သူတစ်ဦးအား လျော်ကြေးငွေပေးအပ်ခြင်းကို စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရ သည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ မြသီတာလမ်းယာယီပျံကျစျေးအတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ လင်းမြောက် ရပ်ကွက်၊ မြသီတာလမ်း ယာယီ ပျံကျစျေး အတွင်း ယနေ့နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန် အတွက် စျေးရောင်းသူနှင့် စျေးဝယ်သူများကို နှာခေါင်းစည်း (mask)များ အခမဲ့ ဖြန့်ဝေပေး ခဲ့သည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် မျိုးစေ့ထုတ်လုပ်ငန်း စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်ထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ် မျိုးစေ့ထုတ်လုပ်ငန်း စိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်အတွင်းရှိစားသောက်ဆိုင်များအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ခရိုင်အဆင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့(၃)ဖွဲ့ ဖွဲ့စည်း၍ မြို့နယ်အတွင်းဖွင့်လှစ် ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုမရှိစေရန် လျှပ်စစ်မီတာ ဖတ်ရှုရာတွင် မှန်ကန်စေရန်နှင့် ဂရုပြုဆောင်ရွက်ကြရန်မှာကြား

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းမှ မီတာဖတ်ရှုမှု မှန်ကန်စေရေး ပြည်သူသို့ အသိပေးလက်မှတ်ရေး ထိုးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ဂရုပြုဆောင်ရွက်ကြရန် လျှပ်စစ်ဝန်ထမ်းများကို မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံး၌ မြို့နယ်လျှပ်စစ်မန်နေဂျာမှ ယမန်နေ့ နံနက်(၇)နာရီအချိန်က မှာကြား ဆောင်ရွက်ခဲ့သည်။

ကောလင်းမြို့နယ်၌ CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်း CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးသန့် မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကောလင်းခရိုင်စိုက်ပျိုးရေး ဦးစီးဌာနရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ထုတ်ပြန်ကြေညာ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ပေါ်ရှိ ရပ်ကွက်နှင့်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ (၂)လ သား မှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက် မှုအနေဖြင့် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီက စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask ၄၀၀၀ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ဟုမ္မလင်းမြို့၊ မြို့မဈေး၊ ကမ်းနားလမ်းနှင့် မြိုပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မင်းတပ်မြို့၌ ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မင်းတပ်မြို့နယ်ရှိ ပြည်သူများအား ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့ အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to