လဟယ် စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ရောင်းချ ဖွင့်လှစ် နေသော လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနက ချမှတ် ထားသော ကျန်းမာရေးလမ်းညွှန်ချက်နှင့်ညီ၊ မညီကို ယမန်နေ့ နေ့လယ် (၃) နာရီချိန် စစ်ဆေး မှုများ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါတာဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အဆင့် တာဝန်ရှိသူများမှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လိုက်နာ ဆောင်ရွက်မှုမရှိပ ကိုဗစ်-၁၉ ရောဂါ တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါသည်။
ပါမင်းလိုင်(ပြန်/ဆက်)