ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန့်ရှင်း သာယာလှပစေရေး အမှိုက်များ၊ မြက်ပင်များနှင့် ချုံနွယ်များ စုပေါင်းရှင်းလင်းခြင်းကို ယမန်နေ့ နံနက်(၇) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ နှင်းဆီလမ်းမကြီးနှင့် စံပယ်လမ်းမကြီး တစ်လျှောက်တွင် ရန်ကုန် မြောက်ပိုင်းခရိုင်နှင့် မြို့နယ်မှ သန့်ရှင်းရေးဝန်ထမ်းများ အင်အားဖြင့် သန့်ရှင်ရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးဇော်ဝင်းနိုင်၊ မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ မြို့နယ်သန့်ရှင်းရေးတပ်ခွဲမှူး ဦးအောင်မျိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခိုင်၊ လမ်းကော်မတီများ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူး များနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)