သံတောင်မြို့ Quarantine Centre အတွက် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့တွင် Quarantine Centre အတွက် အသုံးအဆောင်ပစ္စည်းနှင့် အစားအသောက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက (ဆ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ခင်သီတာအောင်နှင့် ဝန်ထမ်းများ၊ (ဆ)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့်အဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်မြို့အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ပြီး သံတောင်မြို့ အဝင်၊ အထွက်ဂိတ်တွင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇)နာရီခွဲ အချိန်က ပုဏ္ဏမီဈေး၊ မြင်သာဈေး၊ ပဒေသာဈေးများ၌ ဆောင်ရွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။

အိမ်မဲမြို့နယ်တွင် နှာခေါင်းစည်း မတပ်ပဲအပြင်ထွက်သူများကို မိုဘိုင်းစနစ်ဖြင့်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ယနေ့နံနက် ၇ နာရီက စတင်၍ မိုဘိုင်းစနစ်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းတပ်ဆင်သွားလာမှုမရှိသူများအား အသိပညာပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျောက်ဆည်မြို့အဝင် ရန်ကုန်-မန္တလေးလမ်း ကားလမ်းမပေါ်၌ နှာခေါင်းစည်းတပ်ဆင်သွားလာမှု မရှိသူများအား အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ် နားယကာဆည်အတွင်း ငါးမျိုးများစိုက်ထည့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားယကာဆည်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခြင်းကို ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ရာအဆိုပါ ဆည်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦး စီးမှူး ဦးထွန်းလှအာင်နှင့် ဝန်ထမ်းများ၊ အင်းလုမ်သားများနှင့် ဒေသခံပြည်သူများမှ စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်မှုများ ကို အများပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် အတွက် တိုင်းဒေသကြီးအတွင်း လှည့်လည် ကာ အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက် ရှိပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း၌ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ တိုက်ပွဲရှောင်ပြည်သူများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရစားသောက်ကုန်(၅)မျိုး ဝယ်ယူရန် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ IDPs စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ စားသောက်ကုန် (၅)မျိုး ဝယ်ယူရန်အတွက် ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အတွင်းရှိ IDPs စခန်းများ၌ ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Subscribe to