လှိုင်းဘွဲ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းဧရိယာများတွင် သဘာဝဘေးန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူးတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးစေ့ထုတ်စပါးများ စိုက်ပျိုးထားရှိသည့် ဝင်းစိန်ကျေးရွာ၊ ပတ်ကျောကျေးရွာနှင့် သမ္ဘာန်ကျေးရွာများရှိ ဆင်းသုခစပါးနှင့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းများတွင် ကိုဗစ် − ၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) အရ မျိုး စေ့ထုတ်စပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးသန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများကကွင်းဆင်းကြည့်ရှုပြီး တောင်သူများအား လိုအပ်ချက်များရှိပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများနှင့်ဆက်သွယ်ပြီး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)