ဘီးလင်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာရာ၌ mask တပ်ဆင်ထားမှုမရှိသူများအား ဒဏ်ငွေတပ် အရေးယူခြင်း ဆောင်ရွက်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မွန်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ နေအိမ်ပြင်ပထွက်ခွာရာ၌ mask တပ်ဆင်ထားခြင်းမရှိသူများကို ယနေ့ နံနက်ပိုင်းက ဒဏ်ငွေတပ် အရေးယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျိုက်မရောမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေး ရာတွင် ကျန်ရှိမှု မရှိစေရေးအတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်မြင့်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကျုံစိန် ကျေးရွာ၊ ပိန်းနဲကုန်းကျေးရွာနှင့် ကဒါကျေးရွာများသို့ သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ လေယာဉ်ကွင်းဟောင်း(ယာယီ)ဈေး၌ (COVID-19)ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းနှင့် နှာခေါင်းစည်း(Mask)များ လှူဒါန်း

ကိုရိုနာဗိုင်းရပ်စ်(COViD-19)ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ပေါ့ဆမှု မရှိစေရေးအတွက် ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ)ဈေး၌ (COVID-19)ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဈေးရောင်း၊ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း(Mask)များ လှူဒါန်းခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား လိုက်လံကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချနေမှုများအား  ယနေ့ နံနက်(၉)နာရီအချိန်က စတင်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ကို မြို့နယ် တာဝန်ရှိသူများက ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပခုက္ကူမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ ယာယီပျံကျဈေးနှင့် ဧရာဝတီဆိပ်ကမ်းကုန်တင် ကုန်ချ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ပခုက္ကူမြို့ ယာယီပျံကျဈေးနှင့် ဧရာဝတီဆိပ်ကမ်း ကုန်တင်ကုန်ချလုပ်ငန်များ ဆောင်ရွက်မှု အခြေအနေများကို ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ မြို့ပေါ်ရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် မြို့လျှပ်စစ်မှူး ဦးပိုင်နော်ရိန်းနှင့် ဝန်ထမ်းများသည် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များ၌ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် မီးလိုင်းကြိုးများစစ်ဆေးခြင်း၊ မီးခလုတ်များနှင့် ပျက်စီးနေသောမီးကြိုး များပြန်လည် လဲလှယ်ခြင်းတို့ကို မိုးရာသီတွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရေး ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။

မင်းကင်းမြို့တွင် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးခရိုင်၊ မင်းကင်းမြို့တွင်  COVID - 19 ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက်၁၀နာရီအချိန်က စည်ပင်ရိပ်သာ  အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to