ပခုက္ကူ စက်တင်ဘာ ၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပခုက္ကူ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန်က ပထမအကြိမ်မဲစာရင်း ထုတ်ပြန် ကြေညာခဲ့မှုနှင့် သတ်မှတ် ပုံစံများနှင့်ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်ရန် လျောက်ထားမှုများ ဖြည့်သွင်းဆောင်ရွက်နေမှု များကို သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ခံများ ကွင်းဆင်းကြီးကြပ်ရန် မှာကြားခဲ့သည်။
ထို့နောက်မြို့နယ် အလိုက်တာဝန်ခံ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲ အဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ် အလိုက်ကွင်းဆင်း စစ်ဆေးခဲ့မှု အခြေအနေနှင့် လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြသည်။
ပခုက္ကူရိုင်အတွင်း မြို့နယ် ၅ မြို့နယ်တွင်လွှတ်တော်အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ် လောင်း ၉၉ ဦးပါဝင်ယှဉ်ပြိုင်အရွေးချယ်ခံမည်ဖြစ်ကြောင်းသိရသည်။
ကိုဇော်(ပြန်/ဆက်)