မင်းကင်း စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် COVID - 19 ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်၁၀နာရီအချိန်က စည်ပင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က အသွးအလာ ကန့်သတ်ထားသည့် မြို့နယ်များမှ ပြန်လာသူများအား စစ်ဆေးရာတွင် စနစ်တကျ ကြီးကြပ် ဆောင်ရွက်ရန်၊ စာသင်ကျောင်းများအား Facility Quarantine များအဖြစ် အသုံးချရန် တင်ပြသွားမှာ ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာများ၌ COVID-19 အသိပညာပေး လှုံ့ဆော်ရေး တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းနဲ့ အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးကြရန်၊ Mask ကမ်ပိန်း များလုပ်ရန် စီစဉ်ထားရှိမှုတို့ကို ပြောကြားခဲ့သည်။
ထို့နောက် COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေး သို့ မြို့နယ်COVID19 ကော်မတီဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် ကော်မတီဝင်များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မေသက်(ပြန်/ဆက်)