မိုင်းခတ်မြို့နယ်ကြက်ခြေနီအသင်းအားကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပြီး အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ကြက်ခြေနီအသင်းအား ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများထောက်ပံ့ပြီး အသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။