ဘီးလင်း စက်တင်ဘာ ၂
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မွန်ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ နေအိမ်ပြင်ပထွက်ခွာရာ၌ mask တပ်ဆင်ထားခြင်းမရှိသူများကို ယနေ့ နံနက်ပိုင်းက ဒဏ်ငွေတပ် အရေးယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အရေးယူဆောင်ရွက်ရာတွင် ဘီးလင်းမြို့ပေါ်ရပ်ကွက် မြို့နယ်အားကစားခန်းမရှေ့တွင် ဘီးလင်းမြို့နယ် ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့နယ်အတွင်းရှိ နေအိမ်ပြင်ပထွက်ခွာသူများအနေဖြင့် mask တပ်ဆင်သွားခြင်း ရှိ၊မရှိကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး နေအိမ်ပြင်ပထွက်ခွာ၍ mask တပ်ဆင်ထားခြင်း မရှိသူ ၃၂ ဦး အား ဒဏ်ငွေသုံးထောင်ကျပ်စီပေးဆောင်စေခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထူးနောင်(ပြန်ဆက်)