ပခုက္ကူမြို့၌ ယာယီပျံကျဈေးနှင့် ဧရာဝတီဆိပ်ကမ်းကုန်တင် ကုန်ချ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ ကြည့်ရှုစစ်ဆေး

ပခုက္ကူ စက်တင်ဘာ ၂

ပခုက္ကူမြို့ ယာယီပျံကျဈေးနှင့် ဧရာဝတီဆိပ်ကမ်း ကုန်တင်ကုန်ချလုပ်ငန်များ ဆောင်ရွက်မှု အခြေအနေများကို ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့်ကော်မတီဝင်များ၊ အမျိုးသားလွှတ်‌‌တော် ကိုယ်စားလှယ်ဦးမြမင်း‌ဆွေ၊ ပခုက္ကူမြို့နယ်စည်ပင်သာ ယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်မောင်သန့်နှင့် ကော်မတီဝင်များ၊ မြို့ပေါ် ရပ်ကွက်အသီးသီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ရပ်ကွက်  လူမှုအဖွဲ့အစည်းများမှ တာ ဝန်ရှိသူများက ယာယီပျံကျဈေးအတွင်း ဈေးရောင်းချမှု အခြေအနေ အနယ်နယ် အရပ်ရပ်မှ ဈေးသို့ သွားလာ ဝင်ထွက် မှု အခြေအနေ ကားရပ်နားရန်နေရာများ၊ ဆိုင်ကယ်ရပ်နားရန် နေရာများ စနစ်တကျရှိစေ ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပခုက္ကူဆိပ်ကမ်းသို့ရောက်ရှိပြီး ဆန်သ‌င်္ဘောများဝင်ထွက်မှုအခြေအနေ ဆိပ်ကမ်းအလုပ်သမား များ ဆန်တင်ချမှုအခြေအနေနှင့် ပခုက္ကူဆိပ်ကမ်းမှတစ်ဆင့် ဆန်တင်လာသော ကားများဝင်ရောက်မှုအခြေအနေနှင့် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက်လာသည်ဖြစ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်များကြို တင်ပြင် ဆင် ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုတမာ(ပြန်/ဆက်)