စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် မိုးရေဝင်ရောက်နစ်မြုပ်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ နှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် သြဂုတ်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဆူးတပ်ဆည်၊ နမောဆည်တို့ရေကြီးရေလျံမှုကြောင့် နမောကျေးရွာအုပ်စု၊ တဲကြီးကျေးရွာအတွင်း ရေဝင် နစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၈ လုံးရေနစ်မြှုပ်ခဲ့သဖြင့် ရွှေဘိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ​ထောက်ပံ့ ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးခန်းမ၌ ပြုလုပ်ခဲ့သည်။

တမူးခရိုင်၊ မြို့သစ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာ‌စောင်ဖြန့်ဝေခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ၂၀၂၀ ပြည့်နှစ်၊ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို စက်တင်ဘာလ(၂)ရက်နေ့က  မြို့သစ်မြို့၊ တမူး-စေတီကားလမ်းမ၊ မြို့အဝင်နှင့် မြို့အထွက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်  ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့ဝင်များဖြစ်သည့် တမူး-ကလေး လမ်းမပေါ်ရှိ(၄)မိုင် စစ်ဆေးရေး ဂိတ်နှင့် တမူး-စေတီ-နန်းအောင်မော် လမ်းမပေါ်ရှိ ချောင်းနက်ကြီး စစ်ဆေးရေးဂိတ်တို့တွင် သြဂုတ်လ (၂၉)ရက်နေ့မှစတင်၍ ကျန်းမာရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဗန်းမောက်မြို့၌  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  အဆိုပါ ရွေးကောက်ပွဲ၌  ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏  အမည်စာရင်းများကို  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေးရွာများရှိ  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဩဂုတ်လ(၃၀) ရက်နေ့မှစတင်၍ ကပ်ထား ကြေညာထားရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာကော်မတီဖွဲ့စည်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်စီမံကိန်း ကျေးရွာရန်ပုံငွေဖြင့် (၇၁)ယူနစ် ကျေးရွာပေါင်း(၈၁)ရွာ အား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသော” ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လှည့်လည်ဆောင်ရွက်

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအတွက် ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးလှည့်လည်ဆော်ဩပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက လူစည်ကားသည့်ပင်လုံမြို့မဈေး၊ လမ်းမတော်လမ်းတစ်လျှောက်၊ ကန်တော်ကြီးလမ်းတစ်လျှောက်နှင့် ပင်လုံမြို့ရပ်ကွက်များအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မဲဇာ နည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ သောင်မြင်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ  ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်‌မြေအတွင်းရှိ သောင်မြင်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ မိုးစပါး ဧရာမင်း RS to CS မျိုးစေ့ထုတ်စိုက်ကွက်အတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားရောဂါကျရောက်မှု မရှိစေရန် အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မဲဇာနည်းပညာပေးစင်တာမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နံရံကပ်ပြဘုတ်အသစ်လဲလှယ်ခြင်းနှင့် ဆေးလိပ်ဆိုးကျိုးအသိပညာပေးစာစောင်ပြသ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် သိကောင်းစရာများကို ယနေ့နံနက် ၁၀နာရီက ပြသထားကြောင်း သိရသည်။
Subscribe to