ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ကျောက်ထု  စက်တင်ဘာ ၂

ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ မြို့ပေါ်ရပ်ကွက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် မြို့လျှပ်စစ်မှူး ဦးပိုင်နော်ရိန်းနှင့် ဝန်ထမ်းများသည် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များ၌ လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် မီးလိုင်းကြိုးများစစ်ဆေးခြင်း၊ မီးခလုတ်များနှင့် ပျက်စီးနေသောမီးကြိုး များပြန်လည် လဲလှယ်ခြင်းတို့ကို မိုးရာသီတွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းစေရေး ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ကြရာတွင် မြို့ပေါ်ရပ်ကွက်များ၌ လျှပ်စစ်ဓာတ်အားသုံးစွဲသူ အိမ်ထောင်စု အိမ်ခြေ ၁၂၆၇ ရှိရာ အိမ်ခြေ ၈၀၀ ကျော်တွင် စစ်ဆေး ပြုပြင်ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိအိမ်ထောင်စုများ၌ ဆက်လက်စစ်ဆေး ပြုပြင်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

မောဟေမာန် (ပြန်ဆက်)