ဒေါပုံမြို့နယ် ပုသိမ်မြေရပ်ကွက်နှင့် နွယ်အေး ရပ်ကွက်များရှိ ဒေသန္တရကျန်းမာရေး ဌာနများတွင် ကိုယ်ဝန်ဆောင် မိခင်များအားငွေဗိုက်အစီအစဉ်ဖြင့် ငွေကျပ်သုံးသောင်းနှုန်း ထောက်ပံ့မည့်စာရင်းကောက်ယူ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ငွေဗိုက် အစီ အစဉ်ဖြင့် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးမည့်စာရင်းများ ကောက်ယူ ခြင်းကို ဩဂုတ်(၁၁)ရက်မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိကောက်ယူ မည်ဖြစ်ကြောင်းသိရသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာ နည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ သောင်မြင်းကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်အတွင်း မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာ နယ်‌မြေအတွင်း ရှိ သောင်မြင်းကျေးရွာ တောင်သူ ဦးမောင်စိုး၏ မိုးစပါး ဧရာမင်း RS to CS မျိုးစေ့ထုတ်စိုက်ကွက်အတွင်း

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၌ စာဖတ်ဝိုင်းပြုလုပ်

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များနှင့် လူငယ်ရေးရာ ကော်မတီဝင်များ ပူးပေါင်းပြီး ယနေ့ နံနက် (၁၁)နာရီ က စာရေးဆရာလယ်တွင်းသား​​​စောချစ်၏ ပန်းလိုချင်အပင်ကိုပျိုးတတ်မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို လမိုင်းမြို့(ပြန်/ဆက်)ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။

စဉ့်ကူးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ အမည်စာရင်းများကြေညာ

၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀) နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀-က) များအား အများပြည်သူ ဖတ်ရှုနိုင်ရန်အတွက် စဉ့်ကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့၏ ကြော်ငြာသင်ပုန်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်နှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဩဂုတ် ၃၀ ရက်နေ့က စတင်ကပ်ထားကြေညာထားကြောင်း သိရသည်။

ရေးမြို့နယ်၊ ခေါဇာမြို့၊ ကိုးမိုင်ကျေးရွာတွင် ထင်းမီးဖြင့် ခြင်မီးခိုးမှိုင်းတိုက်ရာမှ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကိုးမိုင်ကျေးရွာတွင် ယမန်‌​နေ့ ည ၁၂နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရခြင်းမှာ အဆိုပါ ကျေးရွာ ရပ်ကွက် (၃) ရှိ ဒေါ်လှတင်၊ အသက်(၆၂)နှစ်၏ နေအိမ်တွင်ထင်းမီးဖြင့် ခြင်မီးခိုးမှိုင်းတိုက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖလမ်း၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ရေးနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်း ဖွင့်လှစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးများ အားလုံးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစဉ်အလာတွင် ထည့်သွင်းထိုးနှံရန်နှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အသိပညာပေး သင်တန်းပို့ချခြင်းကို စက်တင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်းရှိ ချယ်ရီခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ် တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန် ကူးတို့ဆိပ် ၁၁ ဆိပ်တွင် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ပေးနေသော စက်တပ်သမ္ဗန်များနှင့် ကူးတို့ဆိပ်တို့၌ လတ်တလောဖြစ်ပွားနေသော အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီခွဲ က စတင်ပြီး  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း ကပ်ထားကြေညာချက်များအား ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယနေ့နံနက်က ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာခဲ့ရာ ဒေသခံပြည်သူများ စိတ်ဝင်တစားလာရောက်ကြည့်ရှုကြောင်း သိရသည်။

နမ္မတူမြို့နယ်၌ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to