မြစ်ကြီးနား စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မသန်စွမ်းသူများအား နိုင်ငံတော်ဘတ်ဂျတ်ရန်ပုံငွေမှ တစ်ဦးလျင် (သုံးသောင်း/-) နှုန်းဖြင့် ယမန်နေ့ နံနက် ၉ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနော်ရွှေပြည်ခန်းမ၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူပေါင်း ၇၆၀၆ ဦးရှိပြီး ယခုနှစ်တွင် နိုင်ငံတော်မှ မသန်စွမ်းသူတစ်ဦးလျင် သုံးသောင်းနှုန်းဖြင့် မြစ်ကြီးနားမြိုနယ်အတွင်းရှိ မသန်စွမ်းသူ (၁၀၃၂) ဦး ထောက်ပံ့ပေးရခြင်း ဖြစ်ပါကြောင်း၊ အခြားမြို့နယ်များကိုလည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းထောက်ပံ့ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက မသန်စွမ်းသူ တစ်ဦးလျှင် (သုံးသောင်း/-) နှုန်းဖြင့် (၁၀၃၂) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၃၀၉၆၀၀၀ဝိ/-)ကျပ်ကို ထောက်ပံ့ပေးအပ်ရာ မသန်စွမ်းသူများကိုယ်စား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
စိန်ဝင်း(ပြန်/ဆက်)