နောင်မွန်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြေညာ

နောင်မွန်   စက်တင်ဘာ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် နောင်မွန်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြေညာကပ် ထားပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါ စာရင်းများ၌ နောင်မွန်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း (၄)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှကိုယ်စားလှယ်လောင်း(၆)ဦး၊ နောင်မွန် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ကိုယ်စားလှယ် လောင်း(၅)၊ ပြည်နယ်လွတ်တော် မဲန္ဒအမှတ်(၂)မှ(၅)ဦး၊ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စား လှယ်လောင်း(၇)ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း(၈)ဦး လီဆူတိုင်းရင်းသားလူမျိုး(၈)ဦး၊ ရဝမ်တိုင်းရင်းသားလွှတာ်တော် ကိုယ်စားလှယ်လောင်း(၆)ဦး ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းနှင့် ပုံစံ-၁၀၊ပုံစံ-၁၀(က)ဖြင့် ကြေညာထားကြောင်းသိရသည်။

မြနန်း(ပြန်/ဆက်)