ကော့မှူး၌ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကော့မှူး  စက်တင်ဘာ   ၃

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိ‌စေရန်ရည်ရွယ်၍ ယနေ့နံနက်က သရက်‌တော ကျေးရွာ၌စာအုပ်စာစောင်ငှားရမ်းခြင်းနှင့် ကိုဗစ်-၁၉‌ကြိုတင် ကာကွယ်‌ရေး အသိပညာ‌ပေး လုပ်ငန်းများအရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြောင်း‌ သိရသည်။

အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား‌သော လမ်းညွှန်ချက်များအား ကျေးလက်နေပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ လူကုန်ကူးမှုနံရံကပ် ပြဘုတ်ပြခြင်း နှင့်အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ‌ကြောင်းသိရသည်။

အဆိုပါအသိပညာ‌ပေးခြင်း လုပ်ငန်းများနှင့်စာအုပ်စာ‌စောင်ငှားရမ်းခြင်းလုပ်ငန်းများကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အများပြည်သူများ သိရှိနိုင်စေရန်လူစည်ကားရာ နေရာများနှင့်ရပ်ကွက် ကျေးရွာများ အရောက်ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်နေကြောင်းသိရသည်။

ကျော်သူရ (ကော့မှူး)