မိုးမိတ်မြို့နယ် နမီကျေးရွာရှိ‌ တိရစ္ဆာန်များအတွက် ကျန်းမားရေးစောင့်ရှောက်မှုများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုးမိတ်  စက်တင်ဘာ  ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့နယ် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါက်တာအောင်ဆန်းဝင်း ၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်ဇော် နှင့် ဝန်ထမ်းများက ပဒါန်း ကျေးရွာ အုပ်စု နမီကျေးရွာရှိ‌ ဒေသခံ တောင်သူများ၏ တိရစ္ဆာန်များ၏ ကျန်းမားရေးစောင့်ရှောက်မှုများနှင့် အသိပညာပေးခြင်း များကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါက်တာ အောင်ဆန်းဝင်းက ယနေ့ ကွင်းဆင်း ရခြင်း၏ အဓိကရည်ရွယ် ချက်ကတော့ ဩဂုတ် ၃၁ ရက်နေ့က နမီကျေးရွာတွင် မြေထိန်းနံရံ ကျိုးပေါက်၍ ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့သဖြင့် ကျွဲ ၊ နွားတိရစ္ဆာန်များ၏ ကျန်းမားရေးစောင့်ရှေက်မှုပေးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ရ ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

ဆက်လက်ပြီး နမီရွာအတွင်းရှိ ကျွဲ၊ နွားများလည်ချောင်းကွဲရောဂါကာကွယ်ဆေးနှင့် ဝက်များအား သန်ချ ဆေးနှင့်အားဆေးများ ထိုးနှံပေးခဲ့ပြီး အာဖရိကဝက်အပြင်းဖျားရောဂါမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ် ရန်လိုက်နာ ဆောင်ရွက်ရမည့်စည်းကမ်းချက်များ ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

မိုးမိတ်သား (စည်သူဌေး)