သုံးခွ စက်တင်ဘာ ၃
ရန်ကုန် တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့ နံနက်ပိုင်းကမင်းရွာ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ် ဒုတိယလ၀ကမှူး ဦးသက်ပိုင်၀င်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေး ပိုင်ခွင့် မဆုံးရှုံး စေရေး ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စွာ မဲပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး အဆိုပါ နိုင်ငံသား စိစစ်ဆေးရေး ကတ်ပြားများအား မင်းရွာကျေးရွာရှိပြည်သူများ ၅၀ဦး လက်ဝယ် အရောက် ပေးအပ်ခဲ့ ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)