အထက်မင်းလှ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာ လှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်း စေရန်အတွက်ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ပိုလျှံ ရန်ပုံငွေဖြင့် ဇေယျာသီရိဈေးမြောက်ဘက်ရှိ ဥပုသ်ဈေးကွင်း တွင် ကား/ဆိုင်ကယ်များ ရပ်နားရန် နေရာကွန်ကရစ်ကြမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာ တို့မှ ယမန်နေ့ ညနေ (၄)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့အ ထွေထွေပိုလျှံရန်ပုံငွေဖြင့် မင်းလှမြို့ ဇေယျာသီရိဈေး မြောက်ဘက် ဥပုသ်ဈေးကွင်းတွင် ကား/ဆိုင်ကယ် ရပ်နားရန် နေရာကွန်ကရစ်ကြမ်းခင်း အလျား ၂၀၀ ပေ၊ အနံ ၄၈ ပေ၊ ထု ၆ လက်မ ရှိကွန်ကရစ်ကြမ်းခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၁.၂ သန်း ဖြင့်ဆောင်ရွက်ပြီးစီးမှုအ ခြေအနေများကို တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းက ရှင်းလင်းပြသခဲ့သည်။
အလားတူ ပြည်တော်သာ လမ်းတွင်ဆောင်ရွက်နေသည့် အုတ်ရေမြောင်းနှင့် ရေမြောင်းအဖုံး အလျား ၉၈၀ ပေ၊အနံ ၂ ပေ၊အကျယ် ၂ ပေရှိ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သတ်မှတ်ကာလအတွင်း စနစ်တကျပြီးစီး ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)