သီပေါမြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များသို့ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေး

သီပေါ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ အသိပေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/ မရှိကို ယမန်နေ့ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ပြုလုပ် ဆောင်ရွက် ခဲ့ကြ သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးဌာန နယ်နိမိတ်အတွင်း ဖွင့်လှစ် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်များနှင့် လပ်ဘက်ရည်ဆိုင်များကို ကွင်းဆင်းစစ်ဆေးရာ လက်သန့်ဆေးရည်၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရေး၊ ဆိုင်ထိုင်စားပွဲများတွင် လူတစ်ဦးနှင့်တစ်ဦးကြား သတ်မှတ် အကွာ အဝေး၊  အစားအသောက်များကို ပြင်ဆင်ဝန်ဆောင်မှုပေးသူများအားလုံး  မျက်နှာကာ (Face Shield)၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ထားခြင်းရှိ/ မရှိစသည့်အချက်များကို စစ်ဆေးခဲ့ ကြသည်။

ထို့အပြင် ဆိုင်အတွင်းအပြင်များ၌ ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အသိ ပညာပေး နှိုးဆော်ချက်ပိုစတာများ၊ ဆိုင်းဘုတ်များကပ်ထားခြင်းရှိ/ မရှိ၊ ဆိုင်အတွင်း လာရောက် စားသုံး သူများမျက်နှာကာ(သို့မဟုတ်) နှာခေါင်းစည်းများ တပ်ဆင်လာခြင်းမရှိပါက  ဆိုင်အတွင်း စျေးနှုန်း မှန်ကန် စွာဖြင့် ရောင်းချနိုင်ရေးတို့ကို စစ်ဆေးခဲ့ပြီး အဆိုပါ စည်းကမ်းချက်များကို လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)