ကာလိ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ နှာခေါင်းစည်း အခမဲ့ ပေးဝေ လှူဒါန်းခြင်းနှင့် လက်သန့်ဆေးရည်နှင့်လက်ဆေးဆပ်ပြာများ၊ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ပိုစတာများ ဆောင်ရွက်ထားခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က မြို့အတွင်း သွားလာနေကြသော ပြည်သူများ၊ ယာယီပျံကျဈေးနှင့် ဈေးဆိုင်ခန်းများနေရာသို့ အသိပညာပေး ပိုစတာ ဗီနိုင်းများ ကြေငြာ ကပ်ထား ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ လှူဒါန်းပေးဝေခဲ့ကြသောပစ္စည်းများမှ လက်သန့်ဆေးရည်(၅)ဗူး၊လက်ဆေးဆပ်ပြာ(၁၅)ဗူး၊ နှာခေါင်း စည်း (Mask) (၁၅၀၀)ခုနှင့် အသိပညာပညာပေးပိုစတာဗီနိုင်းများကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ ပေးပို့လှူဒါန်းလာခဲ့ရာ ကာလိမြို့၊ နမ့်ခုံးရှမ်းများပရဟိတအသင်းမှ ဉက္ကဋ္ဌ ဦးစိုင်းဆိုင်ခေးနှင့် အဖွဲ့ဝင်များက လက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာများတို့ကို လက်ဆေး ဘေစင်များ ဆောင်ရွက်ထားရှိသည့်နေရာများသို့ ထားရှိပေးခဲ့ကြပြီး ယင်းနောက် ကာလိမြို့အတွင်းရှိ ယာယီ ပျံကျဈေး၌ ဈေးသည်များ၊ ဈေးသို့လာရောက် ဝယ်ယူနေကြသောပြည်သူများ နှင့် ပြည်ထောင်စု လမ်းမကြီး တွင် သွားလာနေကြသောပြည်သူများတို့အား နှာခေါင်းစည်း(Mask)များကို အခမဲ့ပေးဝေ လှူဒါန်း ပေးခဲ့ကြ သည်။
ဆက်လက်၍ လမ်းဘေးဈေးဆိုင်များ၊ စားသောက်ဆိုင်များ ၊ ယာယီပျံကျဈေးနှင့် လူသွား လူလာ များသည့် နေရာများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ပိုစတာဗီနိုင်းများတို့အား ကပ်ထား ကြေငြာခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)