ပင်လည်ဘူး စပ်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုးစပါး မျိုးစေ့ထုတ် ကွက်များကို ဧက ၃၅၀ စိုက်ပျိုးထားရှိရာ မိုးစပါး ဆင်းဧကရီ-၃ RS-CS မျိုးစေ့ထုတ် စိုက်ခင်းများအား မျိုးစေ့ထုတ်ကွက်အင်္ဂါရပ်နှင့်ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့က ကောလင်းခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ကြင်စန်း ဦးဆောင်ပြီး ပင်လည်ဘူးမြို့နယ် မြေလင်း (KC) နယ်မြေ တာဝန်ကျ ကွင်းတာဝန်ခံများနှင့်အတူ ရွာသာယာကျေးရွာ၊ ကြူတောကိုင်းကျေးရွာနှင့် တံတားကိုင်း ကျေးရွာအုပ်စုများအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မျိုးစေ့ထုတ်ကွက်အင်္ဂါရပ်နှင့် ကိုက်ညီမှု ရှိ/မရှိ စိုက်စနစ် မှန်ကန်မှုရှိ/မရှိ၊ ပေါင်းမြက်ကင်းစင်မှုရှိ/မရှိ၊ မျိုးကွဲကင်းစင်မှုရှိ/မရှိနှင့် ပိုးရောဂါ ကျရောက်မှု ရှိ/မရှိ အခြေအနေများကို စစ်ဆေးခဲ့ကြပြီး ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ကြင်စန်းမှ မျိုးစေ့ထုတ်လုပ်ငန်းတွင် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေး ပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
မျိုးလွင်(ပင်လည်ဘူး)