ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

ညောင်ရွှေ     စက်တင်ဘာ     ၃

၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာပေးခဲ့ပြီး လိုအပ်သောပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်း လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ပုံစံ(၃) ၊ (၄)၊ (၄-ဂ)တို့ဖြင့် လျှောက်ထားစေခဲ့သည်။

အဆိုပါ ပုံစံ(၃)၊ (၄)၊ (၄-ဂ)တို့ဖြင့် တင်ပြလျှောက်ထားလာမှုများကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင် တစ်ဦးချင်းစီ၏ အချက်အလက်များကို တိုက်ဆိုင်၍ လိုအပ်သော ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းလုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ပြီး လွှတ်တော်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ပုံစံ(၁)တွင်ထည့်သွင်း၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ