အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အန္တရာယ်ကင်း ပရိတ်တရားတော်များ ​​မြို့​​ပေါ်ရပ်ကွက်၌ လှည့်လည်ရွတ်ဖတ်

အရာတော် စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပြည်သူများ ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးရန် မြို့နယ်စီမန်ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် မြတ်ပညာ ပညာရေးပံပိုးကူညီမှု ပရဟိတ အဖွဲ့တို့က ဆရာတော် သံဃာတော်အရှင်မြတ်တို့အား ပင့်ဖိတ်ပြီး ယနေ့ညနေပိုင်းက မြို့ပေါ် ရပ်ကွက်များအတွင်း အန္တရာယ်ကင်း ပရိတ်တရားတော်များ လှည့်လည် ရွတ်ဖတ်ကြသည်။ ယင်းသို့ အန္တရာယ်ကင်း ရွတ်ဖတ်ပူ​ဇော်ပေးသော ရွှေလင်းပန်းကျောင်း ဆရာတော် ဥူသောမနှင့် သံဃာတော် အရှင်မြတ်တို့ အား  မြို့ပေါ်ရပ်ကွက်များရှိ အလှူရှင် ပြည်သူများက လှူဖွယ်ပစ္စည်း နှင့် အအေး ဖျော်ရည်များ ဆက်ကပ် လှူဒါန်းကြကြောင်းသိရသည်။

အရာတော်(ပြန်/ဆက်)