ကမာရွတ်မြို့နယ်တွင် ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်

ကမာရွတ် စက်တင်ဘာ ၃

မိုးရာသီတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းကျိုးကျခြင်းနှင့် လျှပ်စစ်အန္တရာယ်များ မဖြစ် ပေါ်စေရေး အတွက် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရန်ကုန် အင်းစိန်လမ်းမ၊ လှည်း တန်းလမ်းမတစ်လျှောက်နှင့် အခြား လိုအပ်သောနေရာများတွင်  ယနေ့ နံနက် ၁၀ နာရီအချိန်က ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမှုကို မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ ဝန်ထမ်းများ၊ ပန်းဥယျာဉ်ဌာနမှ တာဝန်ခံနှင့် လုပ်သားများမှ ပူးပေါင်း၍ လျှပ်စစ်ကြိုးသွယ်တန်း ထားသော နေရာများနှင့် မလွတ်ကင်း သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

စိမ်းလဲ့(ပြန်/ဆက်)