ချောင်းဆုံ စက်တင်ဘာ ၃
မွန်ပြည်နယ်၊(ဘီးလူးကျွန်း)ချောင်းဆုံမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မြို့ဝင်ဗိုလ်ချုပ်အောင်ဆန်းတံတားထိပ်နှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း(Mask)များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ ၃ ရက်နေ့က လွှတ်တော်ဒုဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းနှင့် ဌာနဆိုင်ရာ များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များကအရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။
“ဒေသခံပြည်သူများအနေနှင့် မလိုအပ်ပဲနေအိမ်ပြင်ပမထွက်ကြရန်လိုကြောင်း ၊ မဖြစ်မနေနေအိမ် ပြင်ပ ထွက်ခွာ ရမည်ဆိုပါက နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားကြရန်လိုကြောင်း၊ မြို့ပေါ် ရပ်/ကွက်နှင့် ကျေးရွာများ တွင်လည်း အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြစ်သာ ရောင်းချခွင့်ပြုတော့မှာဖြစ်ကြောင်း” မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသိုက်ထွန်းက ပြောကြား ခဲ့ကြောင်း သိရှိရသည်။
ကေအေ(ချောင်းဆုံ)