လဟယ် စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြင့်သင်တန်းကို စက်တင်ဘာလ (၂) ရက်မှ (၃)ရက်ထိ နှစ်ရက်ကြာ မာလာတောင် အားကစားခန်းမ၌ သင်တန်းပို့ချလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ရွေးကောက်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မှ ချမှတ်ထားသော ကျန်းမာရရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
၎င်းသင်တန်းသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား စံ(၅) ချက်နှင့် အညီ ရွေးကောက်ပွဲဆိုင်ရာဉပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့များက သိရှိနားလည် တက်ကျွမ်းမှု ရှိစေရန်နှင့် ဥပဒေ၊ နည်းဥပဒေများ သိရှိစေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်ရ ကြောင်း ဒေသရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှ ပြောကြားပါသည်။
ပါမင်းလှိုင်(ပြန်/ဆက်)