မယ်စဲ့ စက်တင်ဘာ ၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာမအား ဂုဏ်ပြုပွဲကို ယနေ့ နံနက် ၉ နာရီက မယ်စဲ့မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးရဲမြင့်က နှစ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ အထက(မယ်စဲ့) ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြမော်က ကျောင်းလုပ်ငန်းစဉ်များနှင့် တက္ကသိုလ် ဝင်တန်း သင်ရိုးသစ် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ဌာနဆိုင်ရာများနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဂုဏ်ထားရရှိအောင် သင်ကြားပေးသေ ဆရာမနှင့် ဂုဏ်ထူး ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)