ကျိုက်မ​ရောမြို့တွင် ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်​ဝေ​ပေး

ကျိုက်မ​ရော စက်တင်ဘာ ၃

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရော မြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်ကျိုက်မ​ရောလူငယ် ပရဟိတ အဖွဲ့တို့ပူး ​​ပေါင်း၍ အိမ်အပြင်ထွက်သူတိုင်း နှာ​ခေါင်းစည်းများစနစ် တကျ တပ်ဆင်​စေရန် အသိပညာ​ပေးခြင်းနှင့်နှာ​ခေါင်းစည်းမတပ်ဆင်လာသူများအား နှာ​ခေါင်းစည်း(mask)များ အခမဲ့ ဖြန့်​ဝေ​ပေးခြင်းကို ယ​နေ့နံနက်၉နာရီက ကျိုက်မ​ရောမြို့အဝင် တိုးဂိတ်နှင့်​ရွှေဟင်္သာ အဝိုင်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့​ ဆောင်ရွက်ရာတွင် ကျိုက်မ​ရောမြို့ ပရဟိတအဖွဲ့များမှလူငယ်များက နှာ​​ခေါင်းစည်း မတပ်လာသူများအား ကိုဗစ်-၁၉​ရောဂါ ကူးစက်ပြန့်ပွား​နေမှု လက်ရှိအ​​ခြေအ​နေများအားပညာပေး​ ဟော​ပြောခြင်းနှင့်် နှာ​ခေါင်းစည်း များအား စနစ်တကျ တပ်ဆင်​ပေးခြင်းများကို စက်တင်ဘာ ၁ ရက်မှစ၍ လူစည်ကားရာ​နေရာများ၌​နေ့စဉ် အရှိန်အဟုန်မြှင့်တင်​​ ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း ကျိုက်မ​ရော လူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌဦးစောထူး​လေးထံမှ သိရသည်။

 ချိုချို(ပြန်/ဆက်)