ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အတွက်လျှပ်စစ်မီးကြိုးသွယ်တန်း ခြင်း နှင့် မီးတိုင်များ စိုက်ထူခြင်းလုပ်ငန်းဆောင်ရွက်

ဒဂုံ(အရှေ့) စက်တင်ဘာ ၃

ပြည်သူများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့်     လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက်   ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်  စစ်ပင်တောင်‌(အောက်ရွာ) နှင့် မလစ်(အရှေ့) ကျေးရွာ၊ အုတ်ဖိုစုရွာတို့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် လျှပ်စစ်မီး ရရှိရေး အတွက် မီးကြိုးများသွယ်တန်းခြင်းနှင့် မီးတိုင်များ စိုက်ထူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  စစ်ပင်တောင်‌(အောက်ရွာ) နှင့် မလစ်(အရှေ့)ကျေးရွာ၊ အုတ်ဖိုစုရွာ တို့တွင် လျှပ်စစ် မီးလင်းနိုင် ရေးအတွက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်လျှပ်စစ် ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းမှတာဝန်ရှိသူနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ မီးတိုင်များ စိုက်ထူပြီးစီးပါက  ပြည်သူများအား လျှပ်စစ်ဓာတ်အား    ဖြန့်ဖြူးပေး နိုင်ရေးကို  အလျင်အမြန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း   သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)