ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်ပြား စိစစ်ဆောင်ရွက်ပေး

ဒီးမော့ဆို       စက်တင်ဘာ  

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား စိစစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်း က ကယားပြည်နယ် ဒီးမော့ဆိုမြို့ နယ် စံပြ()မိုင်ကျေးရွာခန်းမဆောင်၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကယားပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ဦးစန်းဝေနှင့် ခရိုင်ဦးစီးမှူး ဦးကျော်မောင်ထွန်းတို့က လာရောက် ကြည့် ရှုစစ်ဆေးပြီး အသက်(၁၈) နှစ်ပြည့် ပြီးသော နိုင်ငံသားတိုင်းနိုင်ငံသား စိစစ်ရေး ကတ်ပြားရရှိကိုင်ဆောင်ပြီးလာမည့် နိုဝင်ဘာ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးရလေအောင် ဌာနမှ Norwegian Refugee Council (NRC) နှင့် ပူးပေါင်း၍ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကွင်းဆင်း ဆောင်ရွက်ချိန်တွင် ပြည်သူများ အနေ နှင့် ပူးပေါင်းပါဝင် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမြင့်ဇော် နှင့် ဝန်ထမ်းများ၊ NRC မှ တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ပေးပို့ထား သည့် မဲစာရင်းတွင် ပါဝင်ပြီးကိုင်ဆောင်လက်မှတ် ဖော်ပြထားခြင်းမရှိသူ ၅၁ ဦးအား စိစစ်ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

ရီရယ်(ဒီးမော့ဆို)