ဒဂုံတောင် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ပြည်သူသာ အဓိက ပြည်သူမှ ပြည်သူသို့ အစီအစဉ်ဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အတွင်းရှိ အလုပ်အကိုင်အခက်အခဲ ဖြစ်ပေါ်နေသည့် မိသားစုဝင်များသို့ ဆန်၊ ဆီနှင့် အခြားသော အခြေခံစားသောက်ကုန်များကို ပြည်သူမှပြည်သူသို့ အစီအစဉ်ဖြင့် ခွဲဝေ လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုကို အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ဦးဆောင်မှုနှင့် အတူ စတင်အကောင် အထည် ဖော် ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ပြည်သူများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မိမိတို့ပတ်ဝန်းကျင်အတွင်း အခက်ခဲရှိသည့် အိမ်ထောင်စုများကိုလည်း မိမိတို့ တက်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှ ကိုစန်းကျော်က ပြောကြားခဲ့ ကြောင်း သတင်းရရှိ သည်။
သက်မင်းဟန်(ဒဂုံတောင်)