မုံးကိုးမြို့၌ ပြည်သူလူထုများထံ နှာခေါင်းစည်း(၅၀၀) (အခမဲ့)ဖြန့်ဝေပေး

မုံးကိုး    စက်တင်ဘာ   ၃

မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေး ဟောပြောခြင်းနှင့် နှာခေါင်းစည်းများ(အခမဲ့)ဖြန့်ဝေခြင်းတို့ကို ယမန်နေ့၊ နေ့လည်(၂) နာရီအချိန်က မုံးကိုးမြို့၊ မြို့လမ်းဆုံ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့ဦးစီးမှူးဦးသန်းဇော်ဦးနှင့် ဌာနဆိုင်ရာတို့ ဝိုင်းဝန်းပူးပေါင်းပြီး ပြည်သူလူထုများအနေဖြင့် အပြင်ဘက်သို့ သွားလာမည်ဆိုပါက နှာခေါင်းစည်းများတပ်ဆင်၍ သွားလာကြရန်၊ လူစုလူများကို ရှောင်ကြဉ်ရန်နှင့် ကျန်းမာရေးဝန် ကြီးဌာန မှ ထုတ်ပြန်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို စနစ်တစ်ကျလိုက်နာဆောင်ရွက် ကြရန်အတွက် နှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ပြီး နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသည့် ပြည်သူလူထုများကို နှာခေါင်းစည်း စုစုပေါင်း(၅၀၀)ခု အခမဲ့ဖြန့် ဝေပေးပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းများကို ပြည်သူလူထုများထံသို့ (အခမဲ့)ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)