ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုဇွန်တောင် စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ဓာတ်ခွဲအတည်ပြုလူနာ များ ထပ်မံတွေ့ရှိရမှု ခရီးသွားရာဇဝင်မရှိသည့် အပြင်ဓာတ်ခွဲလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှု များပြားလာသဖြင့် ကူးစက် ရောဂါပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့ ညတွင် နေအိမ်တွင် နေထိုင်ရန် (Stay at Home) ကို ကြေငြာခဲ့သည့် မြို့နယ်(၇)မြို့နယ်တွင် ပုဇွန်တောင်မြို့နယ် ပါဝင်သဖြင့် စက်တင်ဘာလ ၂ ရက်နေ့ နံနက်(၈)နာရီမှစ၍ အကျုံးဝင်ပါကြောင်း၊ ပြည်သူများ အနေဖြင့် နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်း mask တပ်ဆင်သွားလာကြရန်၊ Mask တပ်ဆင်ခြင်း မရှိပဲ သွားလာနေသူများကို တွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်တို့မှ ပြောကြားခဲ့သည်။

နေခြည်(ပြန်/ဆက်)